စာရေးသူ

အားလုံးမြင်နိုင်ရန်
Monica La Rose

မိုနီကာလာရို့စ်

မိုနီကာ (ဘရန်းစ်) (Monica Brands)သည် Illinois ပြည်နယ်၊ Palos Heights မြို့ရှိ Trinity Christian College တွင် အင်္ဂလိပ်ဘာသာရပ်နှင့် ဓမ္မပညာများကို ဆည်းပူးခဲ့သည်။ ထို့နောက် Michigan ပြည်နယ်၊ Grand Rapids မြို့ရှိ Calvin Seminary ကျမ်းစာကျောင်းမှ မဟာဘွဲ့ (ဓမ္မပညာ)ကို ဆွတ်ခူးခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ တွင် သူမသည် ဂီတပညာရှင်နှင့် လျှပ်စစ်အင်ဂျင်နီယာတစ်ဦး ဖြစ်သော ဘန်း လာရို့စ် (Ben La Ros)နှင့် လက်ထပ်ခဲ့သည်။ သူတို့ဇနီးမောင်နှံသည် မိတ်ဆွေများ၊ မိသားစုဝင်များ၊ သူတို့၏ Heathcliff နှင့် Mystique ဟုခေါ်သော ကြောင်နှစ်ကောင်နှင့် အတူရှိသောအချိန်ကို သူအလွန်တန်ဖိုးထားသည်။

စာမူ/ အကြောင်းအရာ များ မိုနီကာလာရို့စ်

ယံုၾကည္ကိုးစားရမည့္သူူ

“ငါဘယ်သူ့ကိုမှ ယုံလို့မရဘူး။ ငါယုံမိတဲ့အခါတိုင်း သူတို့က ငါ့ကို နာကျင်စေတယ်” ဟူ၍ ကျွန်မသူငယ်ချင်းက မျက်ရည်ကျလျက် ပြောပြသည်။ သူယုံကြည်ရသူဟု အမှန်တကယ်တွေးထင်ထားသည့် သူ့ရည်းစားဟောင်းက သူတို့နှစ်ဦး ဇာတ်လမ်းပြတ်ပြီးပြီးချင်း၌ပင်
သူ့အကြောင်း မဟုတ်မမှန် ကောလာဟာလ စဖြန့်သည်။ ကျွန်မစိတ်မဆိုးဘဲ မနေနိုင်။ သူက ကလေးဘ၀ကို နာကျင်မှုအပြည့် ဖြတ်သန်းခဲ့ပြီးနောက် တစ်စုံတစ်ယောက်ကို ယုံကြည်ရန် မနည်းကြိုးစား ရုန်းကန် နေရချိန်တွင် ဤသို့ သစ္စာဖောက်ခံရခြင်းက လူများကို ယုံ၍ မရကြောင်း ထပ်မံအတည်ပြု သေချာစေတော့သည်။

သူ့ကို နှစ်သိမ့်ပေးနိုင်မည့် စကားလုံးများကို ကျွန်မ ကြိုးစားရှာဖွေခဲ့သည်။ ‘‘အပြည့်အ၀ ယုံကြည်ကိုးစားနိုင်သူကို ရှာတွေ့ရန် ခက်သည်ဟူသည့် သူ၏အဆို မှားယွင်းကြောင်း၊ လူအများစုမှာ အပြည့်အ၀ သနားကြင်နာတတ်ပြီး ယုံကြည်  ထိုက်သူ ဖြစ်ကြောင်း’’ကို ကျွန်မ မပြောပြနိုင်ခဲ့ပါ။ နာကျင်ခံစား ရသည့် သူ့အဖြစ်ကို ကျွန်မသိသည်၊…